ယုဇနပလာဇာတွင် အမျိုးသမီး ခါးပိုက်နှိုက် ဖမ်းမိ

ရန်ကုန်- ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ
တပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွှန့်မြို့နယ်၊
ယုဇနပလာဇာ၏ မျက်နှာစာတန်း တွင် ဇွန်၃၀
ရက်နေ့ ၁၂၃၀ အချိန်က ခါးပိုက်နှိုက်မှတ်တမ်းဝင်
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေသူအမျိုးသမီးတစ်ဦအား
တွေ့ရှိသဖြင့် သက်သေများနှင့်
အတူ စစ်ဆေးရှာဖွေရာ ၎င်း၏ ဘေးလွယ်အိတ် အတွင်းမှ
ငွေ ၃၀၀၀၀ ကျပ်ပါ ပိုက်ဆံအိတ် (၁)လုံးတွေ့ရှိခဲ့သည်။
အဆိုပါပိုက်ဆံအိတ်နှင့် ငွေတို့အား ယုဇနပလာဇာ၏ မြေညီထပ်အထည်ဆိုင်တန်းတွင်
ဘေးလွယ်အိတ်ဖြင့်အကာအကွယ်ပြုလုပ်၍ အမျိုးသမီးတစ်ဦးကိုင်ထားသည့် စက္ကူလက်ဆွဲအိတ်အတွင်းမှ
နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သိမ်းဆည်းရမိသဖြင့်
မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း (ပ)၄၄၇/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့်အဆိုပါအမျိုးသမီးကိုအမှုဖွင့်အရေးယူထားကြောင်း
Yangon Policeမှသိရသည်။

0 comments:

Post a Comment

မြန်မာ့ရိုးရာယဉ်ကျေးမှု့နှင့် ကိုက်ညီမှု့မရှိသော အသုံးအနှုံးများပါသည့် ကွန်မန့်များအားလက်ခံဖြေရှင်းပေးမည်မဟုတ်ပါ

 
ShweMannDailyNews © 2011 | Designed by RumahDijual, in collaboration with Online Casino, Uncharted 3 and MW3 Forum