မန္တလေးမြို့တွင်ကျပ်သိန်းတစ်ထောင်အောက်မြေကွက်များအရောင်းအ၀ယ်ဖြစ်

အိမ်ခြံ၊ မြေအခွန် တိုးမြှင့်မည်ဆိုသည့် သတင်းကြောင့် ခေတ္တအရောင်းအ ဝယ် အေးခဲ့သော မန္တလေးမြို့တော် မြို့သစ်ပိုင်းရှိ ကျပ်သိန်းတစ်ထောင်
အောက် မြေ ကွက်များ ဇူလိုင်လ ဒုတိယပတ်အတွင်း အရောင်းအဝယ် လိုက်လျက်ရှိကြောင်း မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ဈေးကွက်သည် ပြီးခဲ့သည့် ဇွန်လအတွင်း ထွက်ပေါ်ခဲ့သော အိမ်၊ ခြံ၊ မြေ အခွန်တိုးမြှင့်မည်ဆိုသည့် သတင်းကြောင့် အရောင်းအဝယ် စောင့်ကြည့် အနေအထားမှ လက်ရှိ ကာလတွင် အရောင်းအဝယ် ပြန်လိုက်လာခြင်း ဖြစ်ကြောင်း အဆိုပါမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

အခုကျွဲဆည်ကန်ဘက် အဝယ်လိုက်နေတယ်။ အဲ့ဒီဘက်က မ ဟာမြိုင်ဘက်နဲ့ ယှဉ်ရင် ဈေးတန်နေသေးတယ်။ ပြီးတော့ ကျွဲဆည်ကန်
က မန္တလေးတောင်၊ ရွှေကျင်ဘက်နဲ့ စွယ်တော် ကားဝင်းကြားမှာရှိတော့ မြို့လယ်ကောင်ဖြစ်ပြီး နောက်ဆို အလားအလာ ကောင်းလာနိုင်လို့ဝယ်ကြ တာဟု မန္တလေးမြို့တော် အခြေစိုက် မန်းမြေရာဇာအိမ်၊ ခြံ၊ မြေ အ ကျိုးဆောင်လုပ်ငန်းရှင် ဦးကျော်ဝင်းက ဆိုသည်။

လက်ရှိမန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ချမ်းမြသာစည်မြို့နယ် ကျွဲဆည်ကန်ရှိ ယ၊ လ၊ ဝ၊ သရပ်ကွက်များတွင် ကျပ်သိန်းသုံးရာနှင့် ကျပ်သိန်းတစ်ထောင်ကြား ပေ ၄၀ x ပေ ၆၀ မြေကွက်များ အရောင်းအ ဝယ် ဖြစ်လျက် ရှိကြောင်း ဦးကျော်ဝင်းက ပြောကြားသည်။

“အဝယ်စိပ်လာတယ်။ ကျွဲဆည်ကန်ဘက်ဆို တစ်ပတ်အတွင်း ဆယ် ကွက်လောက် ဖြစ်တယ်။ အရင်က အဲဒီဘက်တွေ တစ်ပတ်လုံးနေလို့ တစ်ကွက်မရောင်းရဘူး။ ဈေးကတန်နေသေးတော့ ဝယ်ကြတဲ့သဘောပါပဲ” ဟု မန္တလေးမြို့တော် အခြေစိုက် ရွှေမန္တလေးအိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးနေလင်းအောင်က ဆိုသည်။

မန္တလေးအိမ်၊ ခြံ၊ မြေ ယင်းကဲ့သို့ ဈေးကွက်ကောင်းလာသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ပြီး မြို့တွင်းရှိ ကျပ်သိန်းငါးထောင်နှင့် ကျပ်သိန်း နှစ်သောင်း ငါးထောင်ကြား မြေကွက်များ အဝယ်လိုက်ကာ မြို့သစ်ပိုင်းတွင် ကျွဲဆည်ကန်ဘက်ရှိ ကျပ် သိန်းထောင်ဂဏန်းအောက် မြေကွက်များ အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

0 comments:

Post a Comment

မြန်မာ့ရိုးရာယဉ်ကျေးမှု့နှင့် ကိုက်ညီမှု့မရှိသော အသုံးအနှုံးများပါသည့် ကွန်မန့်များအားလက်ခံဖြေရှင်းပေးမည်မဟုတ်ပါ

 
ShweMannDailyNews © 2011 | Designed by RumahDijual, in collaboration with Online Casino, Uncharted 3 and MW3 Forum