မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ဒုက္ခသည် ၆၄ ယောက်ကို
ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်မြို့ အရှေ့မြောက်ဖက် မိုင် ၅ဝ
ဝန်းကျင်လောက်မှာ ဒေသခံလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြန်ပေးဆွဲထားတယ်လို့
တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကင်မ်ဟီတေး (Kim Hee-Tae)
ဆိုသူက ဒီနေ့ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ သူတို့ကို အဓမ္မအလုပ်ခိုင်းစေနေသလို၊
လွှတ်ပေးဖို့တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၅ ထောင်
ပြန်ပေးငွေတောင်းနေတယ်လို့လဲ မစ္စတာတေးကို ကိုးကားပြီး
ကိုရီးယားနေ့စဉ်သတင်းစာ Yonhap က ဒီကနေ့ရေးပါတယ်။
မြောက်ကိုရီးယားကနေ
တရုတ်နိုင်ငံကိုဖြတ်ပြီး ရှမ်းပြည်နယ်အစပ်ကတဆင့် ထိုင်းနိုင်ငံကို
ထွက်ပြေးလာလေ့ရှိတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ကျွန်ပြုခိုင်းစေခံရမှုတွေကို
လေ့လာနေတဲ့ တောင်ကိုရီးယား လူမှုရေးအဖွဲ့တစ်ဖွဲ့ဆီကနေတဆင့်
သိရှိတာဖြစ်တယ်လို့လဲ ကင်မ်ဟီတေးကပြောပါတယ်။
အဲဒီဒေသမှာဖမ်းထားတဲ့
မြောက်ကိုရီးယား အမျိုးသားတွေကို ဘိန်းစိုက်ပျိုးခင်းတွေမှာ
အလုပ်ခိုင်းထားပြီး၊ အမျိုးသမီးတွေကို ဘိန်းနဲ့အရက်ချက်စက်ရုံတွေမှာ
အလုပ်ခိုင်းတာတွေ ရှိနေတယ်လို့လဲဆိုပါတယ်။
ဒါကြောင့် အဲဒီလူတွေ
လွတ်မြောက်ရေးကြိုးပမ်းမယ့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို
သူ့အနေနဲ့စီစဉ်မယ်လို့ ကင်မ်ဟီတေးကပြောပါတယ်။ ဒီလိုပြောဆိုချက်နဲ့
ပတ်သက်လို့ တောင်ကိုရီးယားအစိုးရက တကယ်ဟုတ်-မဟုတ် အတည်ပြုချက်ရဖို့
ကြိုးစားနေတယ်လို့ တောင်-မြောက်နှစ်နိုင်ငံပေါင်းစည်းရေး ဝန်ကြီးဌါန
ပြောခွင့်ရသူကပြောဆိုပါတယ်။
တိကျမှန်ကန်သောသတင်းများဖြင့် ပြည်သူ့မေတ္တာခံယူအံ့
Labels:
နိုင်ငံတကာသတင်း
တာချီလိတ် အရှေ့မြောက်ဖက်မှာ မြောက်ကိုရီးယား ၆ဝ ကျော်ကို သူပုန်တွေဖမ်းထား
Subscribe to:
Post Comments (Atom)
Popular Posts
-
မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ခရိုင်ပြန်ဆက် မှ ကနဦး စုံစမ်းသိရှိရတဲ့သတင်းများအရ ဇွန် ၂၉ ရက်နေ့ မှာ တောင်ကုတ်ကနေ သံတွဲ ကို အဝေးပြေးကားနဲ့  ရော...
-
ယခင်ကငွေချေးသူမရှိ၍ မြောက်ပိုင်းရှိနိုင်ငံကြီးထံမှ ငါးရာခိုင်နှုန်းအတိုးဖြင့်ချေးခဲ့ရဟု ဦးစိုးသိန်းကပြော ------------------------------...
-
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်စုခရိုရှိ ကလေးမိခင်တစ်ဦးက နို့တိုက်စဉ် ကလေးက သူ့နို့အားကိုက်ခြင်းကြောင့် သားအရင်းဖြစ်သူ ၈လသားကလေးငယ်အား ကပ...
-
ရန်ကုန် ၊ ဇွန် (၁၂) ရက်နေ့ ထက်အောင်ခန့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများနှင့် ၄င်းတို့၏မိသား...
-
အိမ်ခြံ၊ မြေအခွန် တိုးမြှင့်မည်ဆိုသည့် သတင်းကြောင့် ခေတ္တအရောင်းအ ဝယ် အေးခဲ့သော မန္တလေးမြို့တော် မြို့သစ်ပိုင်းရှိ ကျပ်သိန်းတစ်ထောင် အောက...
-
မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ဒုက္ခသည် ၆၄ ယောက်ကို ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်မြို့ အရှေ့မြောက်ဖက် မိုင် ၅ဝ ဝန်းကျင်လောက်မှာ ဒေသခံလက်...
-
ထိခိုက် ဒဏ် ရာရရှိပြီး မ လေးရှားမှပြန်လည်ရောက် ရှိလာသောအမျိုးသားတစ်ဦးကို ယနေ့တွင် ဝိတိုရိယ ဆေးရုံတွင်ဦးခေါင်းပိုင်းခွဲစိ တ် ကုသမ...
Labels
- ပညာရေးသတင်း (1)
- ပြည်တွင်းသတင်း (5)
- အင်တာနက်သတင်း (2)
- ဈေးကွက်စီးပွားရေးသတင်း (2)
- နိုင်ငံတကာသတင်း (2)
shwemanndailynews. Powered by Blogger.
ShweMannDailyNews
Labels
- ပညာရေးသတင်း (1)
- ပြည်တွင်းသတင်း (5)
- အင်တာနက်သတင်း (2)
- ဈေးကွက်စီးပွားရေးသတင်း (2)
- နိုင်ငံတကာသတင်း (2)
0 comments:
Post a Comment
မြန်မာ့ရိုးရာယဉ်ကျေးမှု့နှင့် ကိုက်ညီမှု့မရှိသော အသုံးအနှုံးများပါသည့် ကွန်မန့်များအားလက်ခံဖြေရှင်းပေးမည်မဟုတ်ပါ