"အချိုးကျ ကိုယ်စားပြု စနစ် ဆွေးနွေးခြင်း မပြုနိုင်ကြောင်း လွှတ်တော်နာယက ဆို"

စိုင်းနောင်
နေပြည်တော်၊ဇူလိုင် ၁ရက်

အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို တင်သွင်း မှုမှာ ပြည်ထောင်စုလွှတ်တော်နည်းဥပဒေ အရ ညီညွှတ်ခြင်း မရှိ၍
လွှတ်တော် တွင် ဆွေးနွေး ခြင်းမပြုနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကဦးခင်အောင်မြင့် က ယနေ့ ကျင်းသော
ပထမ အကြိမ်ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပထမ နေ့  တွင် ဆုံးဖြတ် လိုက်သည်။

သို့သော် နိုင်ငံတော်နှင့် နိုင်ငံသားအတွက် အကျိုးပြုနိုင်သည် အတွက် ဖွဲ့ သည်းပုံ အခြေခံဥပဒေ ပူးပေါင်းဆောင်ရွက် ရေးကော်မတီ ပေါ်ပေါက်လာ မှသာ လေ့လာ သုံးသပ်သင့်ကြောင်းပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ ရွေးကောက်တင်မြှောက်ပုံ စနစ်ပြောင်းလဲရေးအတွက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရွေးကောက်တင်မြှောက်ပုံ စနစ်ပြောင်းလဲရေးအတွက် ဆွေးနွေးဆုံးဖြတ်ပေးရန်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွတ်တော် နာယက ပြောကြားခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment

မြန်မာ့ရိုးရာယဉ်ကျေးမှု့နှင့် ကိုက်ညီမှု့မရှိသော အသုံးအနှုံးများပါသည့် ကွန်မန့်များအားလက်ခံဖြေရှင်းပေးမည်မဟုတ်ပါ

 
ShweMannDailyNews © 2011 | Designed by RumahDijual, in collaboration with Online Casino, Uncharted 3 and MW3 Forum