• ရွှေမန္တလေးသတင်းစဉ်

    မိဘပြည်သူတို့၏ မေတ္တာအားခံယူလျက် ရွှေမန္တလေးသတင်းစာစဉ်အားဖွင့်လှစ်လိုက်ပါပြီ။ လူမှု့ရေး၊ ပညာရေး၊ စီးပွားရေး အစရှိတဲ့သတင်းကဏ္ဍအစုံအလင်အားအချိန်နှင့်တပြေးညီတင်ပေးနိုင်ရန် ကြိုးစားနေပါတယ်

  • ရွှေမန္တလေးသတင်းစဉ်

    မိဘပြည်သူတို့၏ မေတ္တာအားခံယူလျက် ရွှေမန္တလေးသတင်းစာစဉ်အားဖွင့်လှစ်လိုက်ပါပြီ။ လူမှု့ရေး၊ ပညာရေး၊ စီးပွားရေး အစရှိတဲ့သတင်းကဏ္ဍအစုံအလင်အားအချိန်နှင့်တပြေးညီတင်ပေးနိုင်ရန် ကြိုးစားနေပါတယ်

  • ရွှေမန္တလေးသတင်းစဉ်

    မိဘပြည်သူတို့၏ မေတ္တာအားခံယူလျက် ရွှေမန္တလေးသတင်းစာစဉ်အားဖွင့်လှစ်လိုက်ပါပြီ။ လူမှု့ရေး၊ ပညာရေး၊ စီးပွားရေး အစရှိတဲ့သတင်းကဏ္ဍအစုံအလင်အားအချိန်နှင့်တပြေးညီတင်ပေးနိုင်ရန် ကြိုးစားနေပါတယ်

  • ရွှေမန္တလေးသတင်းစဉ်

    မိဘပြည်သူတို့၏ မေတ္တာအားခံယူလျက် ရွှေမန္တလေးသတင်းစာစဉ်အားဖွင့်လှစ်လိုက်ပါပြီ။ လူမှု့ရေး၊ ပညာရေး၊ စီးပွားရေး အစရှိတဲ့သတင်းကဏ္ဍအစုံအလင်အားအချိန်နှင့်တပြေးညီတင်ပေးနိုင်ရန် ကြိုးစားနေပါတယ်

  • ရွှေမန္တလေးသတင်းစဉ်

    မိဘပြည်သူတို့၏ မေတ္တာအားခံယူလျက် ရွှေမန္တလေးသတင်းစာစဉ်အားဖွင့်လှစ်လိုက်ပါပြီ။ လူမှု့ရေး၊ ပညာရေး၊ စီးပွားရေး အစရှိတဲ့သတင်းကဏ္ဍအစုံအလင်အားအချိန်နှင့်တပြေးညီတင်ပေးနိုင်ရန် ကြိုးစားနေပါတယ်

မန္တလေးမြို့တွင်ကျပ်သိန်းတစ်ထောင်အောက်မြေကွက်များအရောင်းအ၀ယ်ဖြစ်

0 comments

အိမ်ခြံ၊ မြေအခွန် တိုးမြှင့်မည်ဆိုသည့် သတင်းကြောင့် ခေတ္တအရောင်းအ ဝယ် အေးခဲ့သော မန္တလေးမြို့တော် မြို့သစ်ပိုင်းရှိ ကျပ်သိန်းတစ်ထောင်
အောက် မြေ ကွက်များ ဇူလိုင်လ ဒုတိယပတ်အတွင်း အရောင်းအဝယ် လိုက်လျက်ရှိကြောင်း မန္တလေးမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ဈေးကွက်သည် ပြီးခဲ့သည့် ဇွန်လအတွင်း ထွက်ပေါ်ခဲ့သော အိမ်၊ ခြံ၊ မြေ အခွန်တိုးမြှင့်မည်ဆိုသည့် သတင်းကြောင့် အရောင်းအဝယ် စောင့်ကြည့် အနေအထားမှ လက်ရှိ ကာလတွင် အရောင်းအဝယ် ပြန်လိုက်လာခြင်း ဖြစ်ကြောင်း အဆိုပါမြို့တော် အခြေစိုက် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

အခုကျွဲဆည်ကန်ဘက် အဝယ်လိုက်နေတယ်။ အဲ့ဒီဘက်က မ ဟာမြိုင်ဘက်နဲ့ ယှဉ်ရင် ဈေးတန်နေသေးတယ်။ ပြီးတော့ ကျွဲဆည်ကန်
က မန္တလေးတောင်၊ ရွှေကျင်ဘက်နဲ့ စွယ်တော် ကားဝင်းကြားမှာရှိတော့ မြို့လယ်ကောင်ဖြစ်ပြီး နောက်ဆို အလားအလာ ကောင်းလာနိုင်လို့ဝယ်ကြ တာဟု မန္တလေးမြို့တော် အခြေစိုက် မန်းမြေရာဇာအိမ်၊ ခြံ၊ မြေ အ ကျိုးဆောင်လုပ်ငန်းရှင် ဦးကျော်ဝင်းက ဆိုသည်။

လက်ရှိမန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ချမ်းမြသာစည်မြို့နယ် ကျွဲဆည်ကန်ရှိ ယ၊ လ၊ ဝ၊ သရပ်ကွက်များတွင် ကျပ်သိန်းသုံးရာနှင့် ကျပ်သိန်းတစ်ထောင်ကြား ပေ ၄၀ x ပေ ၆၀ မြေကွက်များ အရောင်းအ ဝယ် ဖြစ်လျက် ရှိကြောင်း ဦးကျော်ဝင်းက ပြောကြားသည်။

“အဝယ်စိပ်လာတယ်။ ကျွဲဆည်ကန်ဘက်ဆို တစ်ပတ်အတွင်း ဆယ် ကွက်လောက် ဖြစ်တယ်။ အရင်က အဲဒီဘက်တွေ တစ်ပတ်လုံးနေလို့ တစ်ကွက်မရောင်းရဘူး။ ဈေးကတန်နေသေးတော့ ဝယ်ကြတဲ့သဘောပါပဲ” ဟု မန္တလေးမြို့တော် အခြေစိုက် ရွှေမန္တလေးအိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးနေလင်းအောင်က ဆိုသည်။

မန္တလေးအိမ်၊ ခြံ၊ မြေ ယင်းကဲ့သို့ ဈေးကွက်ကောင်းလာသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ပြီး မြို့တွင်းရှိ ကျပ်သိန်းငါးထောင်နှင့် ကျပ်သိန်း နှစ်သောင်း ငါးထောင်ကြား မြေကွက်များ အဝယ်လိုက်ကာ မြို့သစ်ပိုင်းတွင် ကျွဲဆည်ကန်ဘက်ရှိ ကျပ် သိန်းထောင်ဂဏန်းအောက် မြေကွက်များ အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

တာချီလိတ် အရှေ့မြောက်ဖက်မှာ မြောက်ကိုရီးယား ၆ဝ ကျော်ကို သူပုန်တွေဖမ်းထား

0 comments

မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ဒုက္ခသည် ၆၄ ယောက်ကို ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်မြို့ အရှေ့မြောက်ဖက် မိုင် ၅ဝ ဝန်းကျင်လောက်မှာ ဒေသခံလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြန်ပေးဆွဲထားတယ်လို့ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကင်မ်ဟီတေး (Kim Hee-Tae) ဆိုသူက ဒီနေ့ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ သူတို့ကို အဓမ္မအလုပ်ခိုင်းစေနေသလို၊ လွှတ်ပေးဖို့တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၅ ထောင် ပြန်ပေးငွေတောင်းနေတယ်လို့လဲ မစ္စတာတေးကို ကိုးကားပြီး ကိုရီးယားနေ့စဉ်သတင်းစာ Yonhap က ဒီကနေ့ရေးပါတယ်။

မြောက်ကိုရီးယားကနေ တရုတ်နိုင်ငံကိုဖြတ်ပြီး ရှမ်းပြည်နယ်အစပ်ကတဆင့် ထိုင်းနိုင်ငံကို ထွက်ပြေးလာလေ့ရှိတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ကျွန်ပြုခိုင်းစေခံရမှုတွေကို လေ့လာနေတဲ့ တောင်ကိုရီးယား လူမှုရေးအဖွဲ့တစ်ဖွဲ့ဆီကနေတဆင့် သိရှိတာဖြစ်တယ်လို့လဲ ကင်မ်ဟီတေးကပြောပါတယ်။

အဲဒီဒေသမှာဖမ်းထားတဲ့ မြောက်ကိုရီးယား အမျိုးသားတွေကို ဘိန်းစိုက်ပျိုးခင်းတွေမှာ အလုပ်ခိုင်းထားပြီး၊ အမျိုးသမီးတွေကို ဘိန်းနဲ့အရက်ချက်စက်ရုံတွေမှာ အလုပ်ခိုင်းတာတွေ ရှိနေတယ်လို့လဲဆိုပါတယ်။

ဒါကြောင့် အဲဒီလူတွေ လွတ်မြောက်ရေးကြိုးပမ်းမယ့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို သူ့အနေနဲ့စီစဉ်မယ်လို့ ကင်မ်ဟီတေးကပြောပါတယ်။ ဒီလိုပြောဆိုချက်နဲ့ ပတ်သက်လို့ တောင်ကိုရီးယားအစိုးရက တကယ်ဟုတ်-မဟုတ် အတည်ပြုချက်ရဖို့ ကြိုးစားနေတယ်လို့ တောင်-မြောက်နှစ်နိုင်ငံပေါင်းစည်းရေး ဝန်ကြီးဌါန ပြောခွင့်ရသူကပြောဆိုပါတယ်။

"အချိုးကျ ကိုယ်စားပြု စနစ် ဆွေးနွေးခြင်း မပြုနိုင်ကြောင်း လွှတ်တော်နာယက ဆို"

0 comments

စိုင်းနောင်
နေပြည်တော်၊ဇူလိုင် ၁ရက်

အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို တင်သွင်း မှုမှာ ပြည်ထောင်စုလွှတ်တော်နည်းဥပဒေ အရ ညီညွှတ်ခြင်း မရှိ၍
လွှတ်တော် တွင် ဆွေးနွေး ခြင်းမပြုနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကဦးခင်အောင်မြင့် က ယနေ့ ကျင်းသော
ပထမ အကြိမ်ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပထမ နေ့  တွင် ဆုံးဖြတ် လိုက်သည်။

သို့သော် နိုင်ငံတော်နှင့် နိုင်ငံသားအတွက် အကျိုးပြုနိုင်သည် အတွက် ဖွဲ့ သည်းပုံ အခြေခံဥပဒေ ပူးပေါင်းဆောင်ရွက် ရေးကော်မတီ ပေါ်ပေါက်လာ မှသာ လေ့လာ သုံးသပ်သင့်ကြောင်းပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ ရွေးကောက်တင်မြှောက်ပုံ စနစ်ပြောင်းလဲရေးအတွက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရွေးကောက်တင်မြှောက်ပုံ စနစ်ပြောင်းလဲရေးအတွက် ဆွေးနွေးဆုံးဖြတ်ပေးရန်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွတ်တော် နာယက ပြောကြားခဲ့ခြင်းဖြစ်သည်။

မထ္တီလာဒေသခံများ ကိုယ့်မြေကိုပြန်လိုချင်

0 comments

ရန်ကုန် ၊ ဇွန် (၁၂) ရက်နေ့
ထက်အောင်ခန့်



မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများနှင့် ၄င်းတို့၏မိသားစုများ အမိမြန်မာနိုင်ငံသို့ပြန်လာနိုင်ရန်အတွက် ရွှေမြန်မာလေကြောင်းလိုင်းအနေဖြင့် လေယာဉ်လက်မှတ်ခမယူပဲ မြန်မာနိုင်ငံသို့ပြန်လည်တင်ဆောင်လာမည်ဖြစ်ပါသည်။ ရွှေမြန်မာလေကြောင်းလိုင်းအနေဖြင့် မလေးရှား နိုင်ငံသို့ တိုက်ရိုက်ပျံသန်းပြေးဆွဲခြင်းမရှိသေးသောကာလဖြစ်ပါသဖြင့် လက်ရှိပြေးဆွဲလျက်ရှိသော စင်္ကာပူ - ရန်ကုန်၊ စင်္ကာပူ - မန္တလေး နှင့် ဘန်ကောက် - ရန်ကုန်၊ ဘန်ကောက် - မန္တလေးသို့ ရွှေမြန်မာလေကြောင်းလိုင်းဖြင့် စီးနင်းလိုက်ပါလိုလျှင် စင်ကာပူလေဆိပ်အခွန် / ဘန်ကောက်လေဆိပ် အခွန်သာပေးဆောင်ရမည်ဖြစ် ပါသည် …..

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်းကို ကွာလာလမ်ပူရှိ မြန်မာသံရုံး၏ ထောက်ခံစာ ယူလာပြီး လေယာဉ်လက်မှတ်ခပေးဆောင်ရန်မလိုပဲ စင်္ကာပူလေဆိပ်အခွန် / ဘန်ကောက်လေဆိပ်အခွန် သာပေးဆောင်ရုံဖြင့် စီးနင်းလိုက်ပါနိုင်ပါသည်…..

ဆက်သွယ်ရန်ဖုန်း:-
စင်္ကာပူ +၆၅ ၉၂၃၄၆၅၉၁ / +၆၅ ၉၁၈၂၉၃၉၀
ဘန်ကောက် +၆၆ ၂ ၁၃၄၇၉၃၈ - ၉ / +၆၆ ၈ ၄၉၉၀၆၀၉၀ / +၆၆ ၉ ၀၉၇၄၁၉၄၄
ရန်ကုန် + ၉၅ ၁ ၈၆၀၄၀၃၅ - ၈ / + ၉၅ ၉ ၄၀၀ ၄၄၆ ၉၉၉ / + ၉၅ ၉ ၄၀၀ ၄၄၇ ၉၉၉

နေ့စဉ် ရွှေမြန်မာလေကြောင်းလိုင်းပျံသန်းချိန် အချိန်ဇယား (Flight Schedule)

Y5 234 စင်္ကာပူ - ရန်ကုန် ၁၅:၃၅/၁၇:၀၅ (ဒေသစံတော်ချိန် / Local Time)
Y5 238 ဘန်ကောက် - ရန်ကုန် ၂၁:၁၀/၂၁:၅၅ (ဒေသစံတော်ချိန် / Local Time)
Y5234 ရန်ကုန် - မန္တလေး ၀၆:၁၅/၀၇:၃၀ (ဒေသစံတော်ချိန် / Local Time)

၈ လသား ကလေးငယ်တစ်ဦးအား မိခင်ဖြစ်သူက ကပ်ကြေးဖြင့် အချက် ၉၀ ခန့်ထိုးခဲ့သည့် ဖြစ်ရပ် တရုတ်နိုင်ငံတွင်ဖြစ်ပွားခဲ့သည်။

0 comments


တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်စုခရိုရှိ ကလေးမိခင်တစ်ဦးက နို့တိုက်စဉ် ကလေးက သူ့နို့အားကိုက်ခြင်းကြောင့် သားအရင်းဖြစ်သူ ၈လသားကလေးငယ်အား ကပ်ကြေးဖြင့် အချက် ၉၀ ခန့်ထိုးခဲ့ရာ၊ ယင်းသို့ထိုးခဲ့သည့်တို့အနက် မျက်နှာပြင်တွင် အများဆုံးဖြစ်ပြီး ကလေးငယ် ရှောက်ပေါင်မှာ အချက်ပေါင်း ၁၀၀ ထက်မနည်း ချုပ်ခဲ့ရကြောင်းသိရသည်။

ကလေးငယ်၏ မိသားစုမှာ အမှိုက်များကောက်ယူ၍ ပြန်လည်ရောင်းချခြင်းဖြင့် အသက်မွေးရခြင်းဖြစ်ပြီး၊ အမှိုက်ကောက်ရာမှ အိမ်ပြန်ရောက်လာသည့် ဦးလေးဖြစ်သူက သွေးအိုင်ထဲတွင် လဲနေသော ကလေးငယ်အားတွေ့ရခြင်းဖြစ်သည်။

အိမ်နီးနားချင်းများကမူ ကလေးငယ်၏ မိခင်ဖြစ်သူမှာ စိတ်နှံ့လှသူတစ်ဦးမဟုတ်ကြောင်း ဆိုကြသည်။ 
 

ယုဇနပလာဇာတွင် အမျိုးသမီး ခါးပိုက်နှိုက် ဖမ်းမိ

0 comments

ရန်ကုန်- ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ
တပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွှန့်မြို့နယ်၊
ယုဇနပလာဇာ၏ မျက်နှာစာတန်း တွင် ဇွန်၃၀
ရက်နေ့ ၁၂၃၀ အချိန်က ခါးပိုက်နှိုက်မှတ်တမ်းဝင်
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေသူအမျိုးသမီးတစ်ဦအား
တွေ့ရှိသဖြင့် သက်သေများနှင့်
အတူ စစ်ဆေးရှာဖွေရာ ၎င်း၏ ဘေးလွယ်အိတ် အတွင်းမှ
ငွေ ၃၀၀၀၀ ကျပ်ပါ ပိုက်ဆံအိတ် (၁)လုံးတွေ့ရှိခဲ့သည်။
အဆိုပါပိုက်ဆံအိတ်နှင့် ငွေတို့အား ယုဇနပလာဇာ၏ မြေညီထပ်အထည်ဆိုင်တန်းတွင်
ဘေးလွယ်အိတ်ဖြင့်အကာအကွယ်ပြုလုပ်၍ အမျိုးသမီးတစ်ဦးကိုင်ထားသည့် စက္ကူလက်ဆွဲအိတ်အတွင်းမှ
နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သိမ်းဆည်းရမိသဖြင့်
မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း (ပ)၄၄၇/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့်အဆိုပါအမျိုးသမီးကိုအမှုဖွင့်အရေးယူထားကြောင်း
Yangon Policeမှသိရသည်။

သံတွဲမှာ အမျိုးသမီးတစ်ဦး ကို စော်ကား တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ပါတယ။်

0 comments

မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ခရိုင်ပြန်ဆက် မှ ကနဦး စုံစမ်းသိရှိရတဲ့သတင်းများအရ ဇွန် ၂၉ ရက်နေ့ မှာ တောင်ကုတ်ကနေ သံတွဲ ကို အဝေးပြေးကားနဲ့ ရောက်လာတဲ့ အမျိုးသမီးတစ်ဦးဟာ ဆိုင်ကယ်ကယ်ရီနဲ့ လိုက်သွားပါတယ်။

ဇွန် ၃၀ ရက်နေ့ နေ့လည်မှာ အဲဒီအမျိုးသမီးတစ်ယောက်တည်းငိုနေတာတွေ့တဲ့သူများက ညနေ ၄ နာရီမှာ ရဲစခန်းကိုလာပို့ပါတယ်။ အဲဒီအမျိုးသမီးက သူ့ကို ဆိုင်ကယ်ကယ်ရီသမားနဲ့ အခြားသူ တစ်ဦးက စော်ကားတယ်လို့ တိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီအမျိုးသမီးကို အခြားဘာသာဝင်တစ်ဦးက စော်ကားတယ်ဆိုတဲ့ သတင်းစကားများ ပြန့်နှံ့ သွားတဲ့အတွက် ညနေငါးနာရီခန့်မှာ လူငါးဆယ်ခန့် ရဲစခန်းကို လာရောက် စုဝေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ဆဲဖြစ်ကြောင်း ရှင်းပြပြီး လူစုခွဲခိုင်းခဲ့ပါတယ်။

ဒါပေမယ့် ည ၇ နာရီကျော်မှာ မြို့သစ်ရပ်ကွက်မှာ အိမ်နှစ်လုံးမီးရှို့မှုဖြစ်ပွားခဲ့ကြောင်း၊ မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရပါတယ်။

အခုအချိန်မှ ဒေသအာဏာပိုင်များက ညမထွက်ဖို့ လှည့်လည်ကြေညာနေပြီး မြို့ ၀င်ထွက်လမ်းများကိုလည်း ပိတ်ထားကြောင်းသိရပါတယ်။

ပြစ်မှုကျူးလွန်သူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဥပဒေနဲ့ အညီဖော်ထုတ်အရေးယူနိုင်ဖို့ ဆောင်ရွက် နေပါတယ်။

ပြည်ပနိုင်ငံများမှ ချေးငွေယူရာတွင် အတိုးနှုန်းသက်သာဆုံးနိုင်ငံကို ရွေးချယ်မည်

0 comments

ယခင်ကငွေချေးသူမရှိ၍ မြောက်ပိုင်းရှိနိုင်ငံကြီးထံမှ ငါးရာခိုင်နှုန်းအတိုးဖြင့်ချေးခဲ့ရဟု ဦးစိုးသိန်းကပြော
-----------------------------------------
နေပြည်တော်- ပြည်ပနိုင်ငံများမှ ချေးငွေများရယူရာတွင် အတိုးနှုန်း အသက်သာဆုံးနိုင်ငံများကိုသာ ရွေးချယ်ရယူမည်ဟု နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ဇွန် ၂၉ ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

“အရင်က မြောက်ပိုင်းနိုင်ငံကြီးက ချေးတာ အတိုးကငါးရာခိုင်နှုန်း(တစ်နှစ်အတိုးနှုန်း)ပေးရတယ်။
အခြားနိုင်ငံတွေက ချေးငွေယူမရတော့ သူ့ဆီကပဲယူခဲ့ရတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အစိုးရသစ်လက်ထက်တွင် ပြည်ပချေးငွေများကိုရယူမည်ဆိုပါက လွှတ်တော်မှ အတည်ပြုချက်ရမှသာ ချေးငွေများရယူနိုင်သည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံမှ ချေးငွေယန်း ၅၁ ဘီလီယံကို ODA (နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီ)ချေးငွေအနေဖြင့် ရယူ ထားသည်။ ထိုချေးငွေအတွက် ဂျပန်နိုင်ငံကို တစ်နှစ်လျှင် အတိုး ၁ဒသမ ၁ ရာခိုင်နှုန်းသာ ပေးရသည်။ ယင်းချေးငွေမှာ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀ သတ်မှတ်ထားသဖြင့် နှစ် ၄၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်သဖြင့် နှစ်ရှည်ချေးငွေ အမျိုးအစားဖြစ်ကြောင်း စီးပွားရေး ပညာရှင်များကပြောသည်။

အဆိုပါ ချေးငွေမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်ပြီး အခြေခံအဆောက်အအုံများ တည်ဆောက်ရေးနှင့် ပြုပြင်ရေးလုပ်ငန်း များအတွက် ၁၇ ဘီလီယံ၊ သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်သော အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ဂျပန် ယမ် ၂၀ ဘီလီယံနှင့် ရန်ကုန်မြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် ဂျပန်ယမ်း ၁၄ ဒသမ ၀၅၂ ဘီလီယံတို့ဖြစ်သည်။

ကမ္ဘာဘဏ်မှ ချေးငွေဒေါ်လာ ၁၆၅ သန်းအတွက်လည်း မြန်မာနိုင်ငံအနေဖြင့် ၀န်ဆောင်ခစရိတ် ၀ ဒသမ ၇၅ ရာခိုင်နှုန်းကိုသာပေးရ မည်ဖြစ်သည်။ ယင်ချေးငွေမှာလည်း နှစ် ၄၀ သက်တမ်းဖြစ်ပြီး အခြေခံအဆောက်အအုံများအတွက် အဓိကဖြစ်ကြောင်း ကမ္ဘာဘဏ်၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အစိုးရသစ်လက်ထက်တွင် အတိုးနည်းသည့် ချေးငွေများအပြင် နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် အကူအညီများမှ အမေရိကန်ဒေါ် လာ ၆၇၇ သန်း၊ ဂျပန်ယမ်းငွေ ၃ ဒသမ ၅ဘီလီယံ၊ ယူရိုငွေ ၁၇ ဒသမ ၇ သန်း၊ သြစတြေးလျဒေါ်လာ ၁ ဒသမ ၃၄၇ သန်း၊ တရုတ်ယွမ်ငွေ ၂၅၀ သိန်းနှင့် နည်းပညာအကူအညီများဖြစ်သည့် အမေရိကန် ဒေါ်လာ ၄၀ ဒသမ ၃၄၅ သန်းနှင့် ဂျပန်ယမ်ငွေ ၂၃ ဒသမ ၈၃၅ သန်းရှိကြောင်း သတင်းရရှိသည်။

မလေးရှားပြန်လူနာ အရှင်ဆေကိန္ဒသွားရောက်ကြည့်ရှု့အားပေး

0 comments

 
ထိခိုက် ဒဏ် ရာရရှိပြီး
မ လေးရှားမှပြန်လည်ရောက်
ရှိလာသောအမျိုးသားတစ်ဦးကို ယနေ့တွင်
ဝိတိုရိယ ဆေးရုံတွင်ဦးခေါင်းပိုင်းခွဲစိတ် ကုသမှုပြုလုပ်မည်ဖြစ် ရာဆရာတော်အရှင်ဆေကိန္ဒ လာရောက်ကြည့်ရှုအားပေးသည်။
အဆိုပါလူနာကို ဆရာဝန်ကြီး
ပါမောက္ခဒေါက်တာမြတ်သူက မေတ္တာဖြင့်ဦးဆောင်
ခွဲစိတ်မည်ဖြစ်ပြီး ကုန်ကျစရိတ်ကိုဆရာတော်အရှင်ဆေကိန္ဒနင့်ဝိတိုရိယ ဆေးရုံကြီးကအကုန်ကျခံ ကုသ ပေးမည်ဟုသိရသည်။

ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိ သုံးဦးကို စစ်ဆေး

0 comments

ရန်ကုန်- အာဏာပိုင်များနှင့် ပူးပေါင်းခဲ့သည်ဟု မူးယစ်တရားခံများက ထုတ်ဖော်ဝန်ခံသောကြောင့် ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိ သုံးဦးကို နေပြည်တော်မှ ရဲမှူးကြီး ကိုယ်တိုင်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ပျော်ဘွယ်နှင့် သာစည်မြို့နယ်များမှ မူးယစ်ဆေးရောင်းဝယ်သုံးစွဲ သူများကို မန္တလေးတိုင်းတောင်ပိုင်း မူးယစ်အဖွဲ့အထူးတပ်ဖွဲ့မှ ဖမ်းဆီး
စစ်ဆေးရာမှ တရားခံများက ထုတ်ဖော်သောကြောင့် ပျော်ဘွယ်မြို့နယ်မှ ရဲအရာရှိသုံးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲမှူးကြီး
အောင်မြတ်မိုးကိုယ်တိုင် စစ်ဆေးနေခြင်းဖြစ်ကြောင်း မြို့နယ်ထွေ/ အုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ရဲစခန်းရော သံသယရှိတဲ့ အိမ်တွေကို ပါဝင်ပြီး ရှာဖွေပါတယ်။ ရဲမှူးကြီးနဲ့ အတူ ရဲတပ်ရင်းတစ်ရင်းပါပါလာတယ်။ အရာရှိ သုံးယောက်ကိုလည်း ရဲမှူးကြီး ကိုယ်တိုင်စစ်နေပါတယ်”ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။

မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်ပတ်သက်သည်ဟူသော သံသယဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရေးယူစစ်ဆေးနေသော ရဲအရာရှိ သုံးယောက်မှာ ပျော်ဘွယ်မြို့နယ်ရဲစခန်း ဒုရဲအုပ် အောင်မြတ်ဦး၊ မြို့နယ်သတင်းတပ်ဖွဲ့မှ ဒုရဲအုပ် နီနီလင်းနှင့် မြို့နယ်မီးသတ် ဦးစီးဌာန ဒုဦးစီးမှူး ဇင်းမင်းထွန်းတို့ဖြစ်သည်။

မူးယစ်ဆေ၀ါး၊လက်နက်နှင့် တရားမ၀င်လိုင်စင်မဲ့ မော်တော်ယာဉ်များ သယ်ဆောင်ရောင်းဝယ်မှုတွင် ရဲအရာရှိများပါဝင်ပတ်သက်သောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးနှင့်တမူးခရိုင်များတွင် ဇွန် ၁၅ ရက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ကတိုက်ရိုက်စစ်ဆေးအရေးယူခဲ့သည်။ သတင်းပေးတိုင်ကြားသော ဒေသများသို့လည်းရှောင်တခင် စစ်ဆေးအရေးယူနိုင်ရန် ရဲအရာရှိအင်အား တစ်ရာခန့်ပါဝင်သော အထူးရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပျော်ဘွယ်မြို့နယ် ရဲအရာရှိများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အရေးယူစစ်ဆေးနေခြင်းသည် ဒေါ်အောင်ဆန်းစုကြည်က မူးယစ်ဆေးဝါး ပြဿနာများတွင် အုပ်ချုပ်ရေးပိုင်းမှ ထိထိရောက်ရောက် အရေးမယူဘဲ လျစ်လျှုရှုထားသည်ဟု ထင်မြင်ကြောင်း ပြောဆိုပြီးနောက် နေပြည်တော်မှ ဒုတိယအကြိမ်မြောက် အရေးယူခြင်းဖြစ်သည်။ မေ ၂၇ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် ကော်မတီအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆယ်ရက်အတွင်း ရွှေတစ်ကျပ်သား ကျပ်ငါးသောင်းခန့်ကျ

0 comments

ရန်ကုန်-ပြည်တွင်းရွှေဈေးနှုန်းများ သည် ခန့်မှန်းထားသည်ထက် ကျဆင်းနေပြီး ယခုနှစ်၏ အနိမ့်ဆုံးဈေးဖြစ်သော ၆၆၆,၀၀၀ ကျပ်သို့
ဇွန် ၂၈ ရက်တွင် ရောက်ရှိလာကြောင်း ရွှေဈေးကွက်မှ သတင်းရရှိသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် ၇၁၀,၀၀၀ ကျပ် ရှိနေရာမှ ကမ္ဘာ့ရွှေဈေးကျဆင်းခြင်းကြောင့် ၁၀ ရက်အတွင်း ပြည်တွင်းရွှေဈေးများမှာ
ကျပ် ၅၀,၀၀၀ ခန့် ကျဆင်းခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် ၁,၃၇၀ ဒေါ်လာဝန်းကျင်ရှိရာမှ ၁,၁၈၃ ဒေါ်လာအထိ ဈေးနှုန်းများ ကျဆင်းလာသည်။

ရွှေဈေးကျဆင်းမှုများကြောင့် ဆိုင်များတွင် ၀ယ်လိုအားတက်လာပြီး ပစ္စည်းပြတ်သည်အထိ အ၀ယ်ရှိနေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များက ပြောသည်။

“ဈေးကတော့ ကျတာမြန်တယ်။ အကျလည်းများတော့ ၀ယ်တဲ့သူတွေ တော်တော်များတယ်။ ဒီဈေးထိကျမယ်လို့တောင်မထင်ထားဘူး။ ပစ္စည်းပြတ်တဲ့အထိကို ရောင်းနေရတယ်” ဟု အောင်သမာဓိ ရွှေဆိုင်မှ ကိုဝင်းငယ်ကပြောသည်။

လက်ရှိကျဆင်းသွားသော ဈေးများသည်ပင် ခန့်မှန်းသည်ထက် ပိုကျနေခြင်းကြောင့် ဈေးကွက်အနေအထားမှာ ခန့်မှန်းရခက်နေကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။ ကမ္ဘာ့ရွှေဈေးဆက်ကျမည်ဆိုပါက ပြည်တွင်း ၀ယ်လိုအားကောင်းသော်လည်း ရွှေဈေးနှုန်းများမှာ
ဆက်လက်ကျဆင်းနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။

ရွှေဆိုင်များတွင် အထည်ဈေးကွက် ရောင်းအားများမြင့်တက်သလို ဖြတ်စနှင့် အပိုင်းဝယ်လိုအားများမှာလည်း သိသာစွာ မြင့်တက်နေသည်ဟု ဆိုသည်။

“ဈေးက အကျများတော့ ၀ယ်ထားလိုက်တယ်။ ဆိုင်တွေများမှာ ၀ယ်တဲ့သူတွေ အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် ဒီဈေးက အနိမ့်ဆုံးဆိုတော့ ထားနိုင်ရင် ပြန်တက်မှာပဲဆိုပြီး ၀ယ်လိုက်တာ” ဟု ရွှေဈေးကျ၍ အပိုင်းများဝယ်ယူထားသူတစ်ဦးကပြောသည်။ဈေးနှုန်းများကျဆင်းခြင်း
ကြောင့် အပိုင်းအရောင်းအ၀ယ်ပြုလုပ်သော ရွှေဘုံသာလမ်းဈေးကွက်တွင်လည်း အရောင်းအ၀ယ်လုပ်သော ပမာဏမြင့်တက်လာသကဲ့သို့ လက်ကြီးဝယ်လက်များ၏ ၀ယ်လိုအားများဆိုလျှင် ပိဿာ ၁၅၀ ခန့် ထိ ၀ယ်ယူမှုများရှိလာကြောင်း အပိုင်းကုန်သည်တစ်ဦးကပြောသည်။

ပြည်တွင်းရွှေဈေးများမှာ နယ်စပ်ရွှေပေါက်ဈေးများထက်စာလျှင် ကျပ် တစ်သိန်းကျော် ဈေးနှုန်းများ မြင့်နေခြင်းကြောင့် ထိုင်းနယ်စပ်မှ
ရွှေများပြည်တွင်းဈေးကွက်သို့ ၀င်ရောက်နေသည်။

Secondary 4 ဖြင့် UK A level အတွက် ပထမဦးဆုံးလျှောက်ထားသော ကျောင်းသူ 25% Scholarship ရရှိ

0 comments


Cambridge Education Group ၏ လက်အောက်ရှိ ကျောင်းတစ်ကျောင်းဖြစ်သည့် CATs College ဟုလူသိများသည့် ( Cambridge Arts and Sciences ) တွင် Secondary 4 Level ဖြင့် A Level ပထဦးဆုံး လျှောက်ထားခဲ့သည့် ကျောင်းသူ မှာ ယနေ့နေ့စွဲဖြင့် ၀င်ခွင့်ရရှိသည့်အပြင် 25% Scholarship ပါရရှိကျောင်းသိရှိရပါသည်။

ရရှိခဲ့သည့် 25% Scholarship မှာ စတာလင်ပေါင် £6500 ၀န်းကျင် ဖြစ်သည့် အတွက် ကျောင်းတက်ရောက်မည်ဆိုပါက တစ်နှစ်လျင် (ကာလပေါက်ဈေးပေါ်မူတည်၍) မြန်မာကျပ်ငွေ သိန်းတစ်ရာဝန်းကျင် ခန့် သက်သာမည်ဖြစ်သည်။

ထို့အပြင် လျှောက်ထားခဲ့သော ကျောင်းသူ ကျောင်းသား နှင့် မိဘများ အပါအ၀င် အခြား စိတ်ဝင်စားသူများပါ သိရှိလိုသည်များကို မေးမြန်းနိုင်ရန် Future Way တွင် Info Talk တစ်ခု ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရရှိရပါသည်။

 
ShweMannDailyNews © 2011 | Designed by RumahDijual, in collaboration with Online Casino, Uncharted 3 and MW3 Forum